ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ ဂျပန်ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသများ ဓာတ်ပုံပြပွဲစီးရီး၏ တတိယမြောက်ပြပွဲအဖြစ် ဂျပန်နိုင်ငံ၏ ယူနက်စကိုစာရင်းဝင် သမိုင်းကြောင်းအရ အရေးပါလှသော နေရာ၊ အပုံများကို ပြသသွားမှာ "The History" ခေါင်းစဉ်ဖြင့် ပြသသွားမှာ ဖြစ်ပါ
တယ်။
အဲဒိုခေတ်က တန်ခိုးအာဏာကြီးထွားခဲ့သည့် တိုခုဂါဝါ စစ်နယ်ရှင်များ တည်ဆောက်ခဲ့သည့် နိဂျိုရဲတိုက်၊ ဟီရိုရှီးမား အနုမြူဗုံးကြဲခံခဲ့ရသော အဆောက်အဦး၊ အိုကီနာဝါရှိ ရဲတိုက်ဟောင်းများ အစရှိသည့် သမိုင်းကို ထင်ဟပ်စေသည့် နေရာများ၏ ရှုမျှော်ခင်းဓာတ်ပုံများကို လေ့လာကြည့်ရှုနိုင်မည် ဖြစ်ပါသည်။
ဓာတ်ပုံဆရာ၏ ကိုယ်ရေးအကျဉ်း
မိဇုနို ခစုဟိကို ကို ကျိုတိုမြို့၏ ခမိဂရေားရပ်ကွက်တွင် ၁၉၄၁ ခုနှစ်၌ ဖွားမြင်ခဲ့ပါသည်။ ဒိုးရှိတတက္ကသိုလ်တွင် ဂျပန်စာပေအထူးပြုဖြင့် ဘွဲ့ရခဲ့ပြီး တိုကျို ဆိုးဂိုး ဓာတ်ပုံကောလိပ်တွင် ဘွဲ့လွန်သင်တန်းကို တက်ရောက်ခဲ့ပါသည်။ မိဇုနိုသည် ၁၉၆၉ ခုနှစ်မှစ၍ ကျိုတိုမြို့၏ ရှုခင်းများကို ဓာတ်ပုံရိုက်ခြင်းအတက်ပညာကို အထူးပြုလေ့လာလိုက်စားခဲ့ပါသည်။ ဂျပန်ရိုးရာယဉ်ကျေးမှုကိုလည်း လေ့လာခဲ့ပြီးနောက်တွင် သူ၏ဓာတ်ပုံများကို တည်းဖြတ်ခြင်းဆိုင်ရာ လုပ်ငန်းကိုပါ လုပ်ဆောင်ခဲ့ပါသည်။
၂ဝဝဝ ခုနှစ်တွင် သူ၏ကိုယ်ပိုင် ဓာတ်ပုံပြခန်းဖြစ်သည့် Townhouse Photo Hall (မချိရ ရှရှင်းကန်) ကို ဖွင့်လှစ်ခဲ့ပါသည်။
သူ၏ သဘာဝတောတောင်ရေမြေ အလှအပများကို ရိုက်ကူးထားသော ရှုခင်းဓာတ်ပုံများသည် Fore World Magazine က ထောက်ပံ့ချီးမြှင့်သော ၂ဝဝ၂ခုနှစ်အတွက် Fore World စာအုပ်၏ “အိမ်နှင့်ဥယျာဉ်” ဓာတ်ပုံအမျိုးအစားအတွက် ရွှေတံဆိပ်ဆု ရရှိခဲ့ပါသည်။
သူသည် ဂျပန်ဓာတ်ပုံဆရာများ အဖွဲ့အစည်းနှင့် ဂျပန်ဓာတ်ပုံအနုပညာအဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါသည်။
မိဇုနို ခစုဟိကိုသည် စာအုပ်ပေါင်း ၁၄ဝကို ထုတ်ဝေခဲ့ပြီး စာအုပ်အများစုသည် ဓာတ်ပုံပေါင်းချုပ်များဖြစ်သည်။
The Japan Foundation, Yangon brings you the third photo exhibition of “Beauty of World Heritage in Japan” photo exhibition series, this time, we will exhibit the photos of Japan world heritage sites of great historical value under the theme (The History ). The photos include the castles of Japan's once greatest and powerful shogun (warlords) of Edo period, Hiroshima peace memorial and Okinawa primitive castles and sites. You can travel to Japan's history while appreciating its value.
Mizuno Katsuhiko
Mizuno Katsuhiko was born in the Kamigyou ward of Kyoto city in 1941. He is a graduate of the Department of Literature, Doshisha University, and he completed a postgraduate course at the Tokyo Sogo Photography College. He has specialized in photographing the scenery of Kyoto since 1969. He has also contemplated the traditional culture of Japan, and so he has continued to come forth with works in the editorial category.
In 2000, he inaugured his own photo gallery spaces, the Machiya Shashinkan or “Townhouse Photo Hall”, opening it to the public.
His Landscapes for small spaces won the gold prize in the Home & Garden category of the Fore Word 2002 Book of the Year Award, sponsored by Fore World Magazine.
He is a member of the Japan Photographers Association and the Japan Photographic Art Society.
He has had 140 books published, the majority of which have been photo collections.